Saturday 3 February 2018

The Flash Season 4 (မြန်မာစာတန်းထိုး)



Season 3 အပြီးမှာပြသပြီဖြစ်တဲ့ The Flash Season 4 (The Flash Reborn)ဟာ
Rating 8.9 အထိရရှိထားပြီး မူရင်းရုပ်သံလိုင်းကနေပြန်လည်ထုတ်လွှင့်ပြီဖြစ်ပါတယ်
စောင့်မျှော်နေကြတဲ့ Flash Fan တို့အတွက်တော့အားရမယ့် Season တစ်ခုတော့
ဖြစ်လာလိမ့်မယ်လို့ ထင်ထားမိပါတယ် အားလုံးသိတဲ့အတိုင်း Season 3 နောက်ဆုံးပိုင်းမှာ
Barry ဟာ Speed Force Prison ထဲကိုဝင်ရောက်သွားခဲ့ပါတယ်
အခု Season 4 မှာတော့ ဘယ်ရီတစ်ယောက် Speed Force ထဲကိုဝင်သွားပြီးနောက်
6 လအကြာမှာ ဇာတ်လမ်းပြန်စထားပါတယ်..ဘယ်ရီမရှိလို့ ဝေါလီ နဲ့ စစ်စကို တို့၂ယောက်သား
မြို့ကိုကာကွယ်နေကြပြီး အိုင်းရစ် ကတော့ ညွှန်ကြားတဲ့အပိုင်းပေါ့
ဘယ်ရီမရှိတဲ့အဖွဲ့ဟာလိုအပ်ချက်တွေရှိနေပေမယ့် အကောင်းဆုံးကြိုးစားကြပါတယ်
ဒါပေမယ့် Flash နဲ့ စိန်ခေါ်တိုက်ခိုက်လိုတဲ့ ဆာမူရိုင်းတစ်ယောက် ရောက်လာတဲ့အခါ
Kid Flash နဲ့ စစ်စကို တို့လည်းမနိမ်နင်းနိုင်တော့ပါဘူး..ဒီဆာမူရိုင်းဟာလည်း
Flash ထွက်မလာရင် မြို့ကိုဖျက်ဆီးပစ်မယ်လို့ဆိုတဲ့အခါမှာတော့ 
အိုင်းရစ် စစ်စကို နဲ့ ဝေါ်လီ တို့ဘာတွေဆက်လုပ်ကြမလဲ..ဘာတွေဆက်ဖြစ်လာမှာလဲ
ဆိုတာတော့ ကိုယ်တိုင်သာစောင့်ကြည့်ခံစားလိုက်ပါ

Translated by Little Twinlay
Encoded by Moe Myint Lwin






1 comment: