Sunday 4 February 2018

Spy 2015 (မြန်မာစာတန်းထိုး)






Viki 8.5 IMDb 6.5 ရရှိထားတဲ့ K drama 2015ကားကောင်းတစ်ကားနဲ့ 
မိတ်ဆက်ပေးပါ့မယ်

မြောက်ကိုရီးယားနိုင်ငံရဲ့ထူးချွန် သူလျှို တစ်ဦးဖြစ်တဲ့ ဆိုးဟေးဟာ 
အလုပ်ကနေ ထွက်ပြေးစွန့်ခွာပီး တောင်ကိုရီးယားသမ္မတနိုင်ငံအတွင်းမှာ 
ပတ်ဟေးရင်လို့ အမည်ပြောင်းကာ သိုသိုဝှက်ဝှက် မိသားစုနဲ့ ပျော်ရွှင်စွာနေထိုင်ရင်း 
သားတစ်ယောက် သမီးတစ်ယောက် ရရှိခဲ့ပါတယ် .....
သားကတော့ မိခင်ရဲ့ ထူးချွန်မှု ဥာဏ်ကောင်းမှုကို ဆက်ခံရရှိပီး စုံစမ်းရေးကို 
ဝါသနာပါတာကြောင့် မိဘများ မသိအောင် အလုပ်ကို လိမ်ကာ
NIS အထူးစုံစမ်းရေးရဲတပ်ဖွဲ့မှာ အလုပ်လုပ်ကိုင်နေတဲ့ Agentတစ်ယောက်ဖြစ်လာပါတယ် 
ပတ်ဟေးရင်ရဲ့ အတိတ်မြောက်ကိုရီးယား spyအဖွဲ့ဟာ ခြေရာခံလိုက်ကာ 
သူ့ကိုရှာဖွေတွေ့ရှိရင်း သားဖြစ်သူကို အလုပ်စေခိုင်းဖို့ ခြိမ်းခြောက်ပီး
ပတ်ဟေးရင်ကို ဖောက်ခွဲရေးအလုပ်တွေ သတင်းအချက်အလက်တွေ
ခိုးယူတဲ့အလုပ်ကို ခိုင်းစေပါတော့တယ်...
တ်ဟေးရင်တစ်ယောက် ဘာတွေလုပ်မလဲ ကင်ဆန်ဝူးကရော 
သူသိပ်ချစ်တဲ့အမေက မြောက်ကိုရီးယားနိုင်ငံရဲ့ အထူးagentမှန်းသိသွားတဲ့အခါ 
ဘာတွေဆက်ဖြစ်လာမလဲ...
ကင်ဆန်ဝူးသိပ်ချစ်ရတဲ့ ချစ်သူ ယွန်းဂျင်ကရော ဘယ်လိုလူမျိုးလဲ
မေတ္တာတရားတွေ အချစ်စစ်တွေက မတရားမှုတွေကို အနိုင်ယူနိုင်ပါ့မလား


နိုင်ငံရေးဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့

အထူးသရုပ်ဆောင်ချက်တွေကိုလည်း မြင်တွေ့ရမှာပါနော်
Seriesတစ်ခုလုံးကို ရင်သပ်ရှုမောဖွယ်ကြည့်ရမှာပါ 
TVXQ အဖွဲ့ဝင်ဟောင်း JYJအဖွဲ့ရဲ့ heroတစ်ဦးဖြစ်တဲ့ 
Kim JaeJoong ရဲ့အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်...

Translators ...... Eainmat Phyulay , Aye Nyein Thu , Khin Chan Myae Tun












No comments:

Post a Comment